Diagram ကိုစတင်လေ့လာသောညီငယ်များသတိထားမိစေရန်ပါ။
ဆရာသမားများအတွက်မရည်ရွယ်ပါ။
Diagram တွေမှာ( -) သင်္ကေတလေးတွေ့ဖူးမှာပါ။
ဥပမာ
TP_RESET
TP_ INT
VPH_PWR
အဲ့ဒီစာကြောင်းလေးကိုကြည့်ပါ။
အောက်ကစာနဲ့ဘာကွာလဲကြည့်ပါ။
TI-RESET
TP-INT
VPH-PWR
ရုတ်တရက်ကြည့်ရင် အတူတူလို့ မှတ်ယူမိမှာပါ။
ဒါပေမယ့် အများကြီးကွာခြားနေပါတယ်။
Diagram တွေမှာ ( _ ) ဆိုတဲ့သင်္ကေတကို
Active Power လမ်းကြောင်းတွေ
Active Signal လမ်းကြောင်းတွေ အဖြစ် ကိုယ်စားပြု
ရေးထားတဲ့ အမှတ်အသားလေးပါ။
နမူနာရှင်းပြပါ့မယ်။

VBAT
VPH_PWR
ဒီလမ်းကြောင်းနှစ်ခုကိုလေ့လာကြည့်ပါ။
Qualcomm ဖုန်းတွေမှာ VBAT လမ်းကြောင်းဟာ
ပါဝါအိုင်စီကို အသေပေးသွင်းထားတဲ့ဗို့ လမ်းကြောင်းပါ။
ဒီလမ်းကြောင်းပေါ်မှာ Passive components တွေဖြစ်တဲ့
Capacitor.Diode.တွေပဲပါဝင်ပါတယ်။

VPH_PWR လမ်းကြောင်းဟာလဲ VBAT ကနေပဲခွဲထွက်လာ
တာပါ။ဒါပေမယ့် ဒီလမ်းကြောင်းဟာ ပါဝါနိုးဖို့ အတွက်
အဓိကဗို့ ပေးသွင်းတဲ့ပတ်လမ်းဖြစ်သလို
FET တစ်လုံးနဲ့ အပိတ်အဖွင့်လုပ်ပေးထားတဲ့ လမ်းကြောင်း
လဲဖြစ်ပါတယ်။
ဒါကို Active Power လမ်းကြောင်းလို့ ခေါ်ပါတယ်။
Diagram ထဲမှာ VPH-PWR လို့ မှားပြီးရိုက်ရှာရင်
မရှိဘူးလို့ ပြန်ဖြေပါလိမ့်မယ်။
အမှန်က VPH_PWR ပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်။
ဆရာ ကို ကို အောင်

Comments

Popular posts from this blog