Xiaomi User တွေ အရမ်းကိုသိချင်နေတဲ့ Xiaomi ရဲ့ Rom တွေအကြောင်း အနည်းငယ် ရှင်းပြပေးလိုက်ပါရစေ…
==========================
Xiaomi User တော်တော်များများက MIUI Rom တွေကို China လား ? Stable လား ? Global လား ? China နဲ့ Stable က ဘယ်ကွာလဲ ? ဘယ်ဟာက ပိုကောင်းလဲ ? စတဲ့မေးခွန်းတွေကို မေးလေ့ရှိပါတယ်။

✔ ပထမဆုံးအနေနဲ့ ရှင်းပြပေးချင်တာကတော့

MIUI_ROM_အမျိုးအစားတွေပါ
------------------------------
-MIUI_ROM စုစုပေါင်း 1️.  CHINA ROM မှာ -3- မျိုး , 2️.  GLOBAL ROM မှာ -2- မျိုး ရိှပါတယ်။

1️. CHINA ROM မှာ Stable Rom , Developer Rom , Alpha Rom တို့ဖြစ်ပါတယ်
⏺Alpha Rom ဆိုတာကတော့ MIUI ဖန်တီးရေးဆွဲနေတဲ့ အဖွဲ့ထဲမှ စီနီယာကျတဲ့သူတွေအရင်ဆုံးစမ်းသုံးကြတဲ့ Rom ပါ. ( ERROR ပေါင်း သောင်းခြောက်ထောင်တောင် မကတဲ့ Rom တခုလို့ပြောရင်လဲ မမှားပါဘူး)
⏺Developer Rom ဆိုတာကတော့ Alpha Rom မှာတဆင့် MIUI ၀ါသနာပါတဲ့ သူတွေစမ်းသက်သုံးဖို့ Public ထုတ်ပေးလိုက်တဲ့ Rom ပါ ( တပတ်တခါ Weekly Update ပေးပါတယ် ဒါကလဲ သုံးကြည့်ရင်း ပေါ်ပေါ်လာတဲ့ error တွေကို တပတ်တခါ ရှင်းတဲ့သဘောပါ )
⏺Stable Rom ဆိုတာကတော့ အတည်ငြိမ်ဆုံးနဲ့ Erro အကင်းဆုံး Rom ပါ (Xiaomi ဖုန်းတစ်လုံးစ၀ယ်တာနဲ့ ပါလာတဲ့ Rom က Stable Rom ဖြစ်လို့ ကိုယ်ဖုန်းစ၀ယ်တဲ့အခါ Stable Rom ဖြစ် မဖြစ်တော့ စစ်ဆေးသင့်ပါတယ်)

2️. GLOBAL ROM မှာ Stable Rom , Developer(Beta) Rom တို့ပဲဖြစ်ပါတယ်
သူ့မှာလဲ အပေါ်က china rom မှာပြောပြထားခဲ့သလိုပဲ တူတူပါပဲ …

ဒီလောက်ဆို MIUI ROM တွေအကြောင်း ရှင်းသွားကြပြီထင်ပါတယ် …

✔ဒုတိယအနေနဲ့ ရှင်းပြပေးချင်တာကတော့

CHINA_ROM_&_GLOBAL_ROM_ကွာခြားချက်ပါ
---------------------------------
ဒီအပိုင်းမှာ အရင်ဆုံး ပြောချင်တာလေးကတော့ China Rom နဲ့ Global Rom မတူယုံနဲ့ ကိုယ့်ဖုန်းရဲ့ Quality နဲ့ System ပိုင်းကို ထိခိုက်ခြင်း လုံးဝ(လုံးဝ) မရှိပါ ခင်ဗျာ .
⏺China rom မှာတော့ System Language ကအစ အနည်းငယ်သာ ပါဝင်ပါတယ်. Applicaton အများစုကိုလည်း တရုတ်ပြည်အတွက် အများဆုံး အသုံးတည့်တာတွေပဲထည့်ထားပေးပြီး , Google apps တခုမှ မပါဝင်လို့ မြန်မာပြည်က Mi User တွေအတွက် အဓိက ပြဿနာတခုလိုဖြစ်နေခဲ့ပါတယ်.ဒါပေမဲ့လည်း Google Apps တွေကို မှန်ကန်စွာထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ Global Rom နည်းတူ အသုံးပြုလို့ရပါတယ်.
⏺Global rom မှာတော့ Google Apps တွေကို built in အဖြစ် အဓိကပါဝင်လာပါတယ်. အဲ့ကြောင့်လဲ Global Rom မှာ Google Apps တွေနဲ့ပတ်သက်ရင်တော့ ERROR ကင်းကင်း အကြိုက်ဆုံးပါပဲ။ဒါ့အပြင် System Language အပိုင်းမှာလည်း တစ်ကမ္ဘာလုံးက နိုင်ငံတော်တော်များများရဲ့ language တွေပါဝင်လာတာကို တွေ့ရမှာပါ .

#CHINA_ROM_&_GLOBAL_ROM_တွေရဲ့_Features တွေ ကွာခြားချက်ပါ
----------------------------------
#Myanmar_Font
-China Rom မှာတော့ မြန်မာစာကို အလွယ်တကူထည့်သွင်းနိုင်ပြီးတော့ Global Rom မှာတော့ Region ကို Myanmar(Burma) ပြောင်းပေးရုံနဲ့ zawgyi font အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။

Music
-China Rom မှာတော့ မိမိဖုန်းထဲက သီချင်းတွေသာ နားထောင်ရုံတင်မကပဲ Online ကနေမှတဆင့်လဲ ကြိုက်နှစ်သက်ရာသီချင်းတွေကို နားထောင်နိုင်မှာဖြစ်ပြီး Global Rom မှာတော့ မိမိဘာသာထည့်သွင်းထားတဲ့သီချင်း(Local songs) တမျိုးထဲကိုသာ နားထောင်နိုင်မှာဖြစ်ပါတယ်။

Theme
-China Rom မှာတော့ Theme တွေကိုစိတ်ကြိုက် unlimited အနေနဲ့သုံးနိုင်ပြီး , Global Rom မှာတော့ limited အနေနဲ့ပဲ သုံးခွင့်ရမှာဖြစ်ပါတယ်။

System_Update
-China Rom မှာတော့ System Update အပိုင်းမှာ Global Rom ထက် စောစွာရရှိပြီး , Global Rom မှာတော့ နောက်ကျပါတယ်။
=======

နောက်ဆုံးပြောပြပေးချင်တာကတော့

⏺ Mi User တစ်ယောက်အနေနဲ့ China Rom ပဲဖြစ်ဖြစ် Global Rom ပဲဖြစ်ဖြစ် အပေါ်မှာ ပြောပြခဲ့တဲ့အချက်လေးတွေသာ ကွာခြားပြီး မည်သည့် Rom ကမှ ကိုယ့်ဖုန်းရဲ့ Quality ကိုနည်းနည်းမှ မထိခိုက်ဘူးဆိုတာပါပဲ .. မတူညီတဲ့ Rom တွေပေါ်မှာသာ Error တချို့ရှိနိုင်ပြီး Stable Rom တခုထဲမှာသာလျှင် Error အကင်းဆုံဖြစ်လို့ သုံးစွဲသူ Mi User များ အနေဖြင့် ကိုယ့်ဖုန်းလေးကို သံသယကင်းစွာ စိတ်ချလက်ချ သုံးနိုင်ပါကြောင်း အကြံပေးပြောပြပေးလိုက်ရပါတယ် ခင်ဗျာ ……

Comments

Popular posts from this blog